သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-02
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ကို အတည်ပြုလက်မှတ်ရေးထိုးတဲ့ မတ်လ(၃၁)ရက်ည မနေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ MPC ရုံးရှေ့မှာ Generation Wave အဖွဲ့က ဆန္ဒပြခဲ့ကြပါတယ်။ ကိုအောင်ကိုကိုက တင်ပြထားပါတယ်။
2015-04-02
ရွှေညဝါဆရာတော် ဦးပညာသီဟကို… ဗုဒ္ဓဘာသာ တရားတော်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာ တွေကို ဟောကြားတဲ့အတွက် တရားဟောခွင့်ပိတ်ပင်လိုက်တယ်… ဆိုပြီး နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က မတ်လ ၂၅ ရက်နေ့စွဲနဲ့ အမိန့်စာ ထုတ်ပြန်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေညဝါဆရာတော်က ဒီနေ့ဧပြီလ(၁)ရက်နေ့ ညနေမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-04-02
White Card လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်တွေ မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံး ကြောင်း သမ္မတဦးသိန်းစိန်က ထုတ်ပြန်ကြေညာချက်နဲ့အညီ၊ ယာယီသက်သေခံလက်မှတ်တွေကို ရခိုင်ပြည်နယ်မှာ ဒီနေ့ဧပြီလ(၁)ရက်နေ့မှာ စတင်သိမ်းယူနေပါတယ်။
2015-04-02
ရွေးကောက်ပွဲကာလအတွင်း သတင်းရယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ သတင်းမီဒီယာ တွေ ဆွေးနွေးပွဲကို ရန်ကုန်မြို့ Summitpark View Hotel မှာ ဒီနေ့ဧပြီလ(၁)ရက်မနက်က စတင်ကျင်းပခဲ့ ပါတယ်။
2015-04-01
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (မူကြမ်း) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
2015-04-01
လူ့အသိုင်းအဝိုင်းအတွင်း အမုန်းပွားတဲ့ စကားတွေမပြောဖို့ အတွက် ရည်ရွယ်ကျင်းပနေတဲ့ “ပန်းစကား” စကားဝိုင်းအစီအစဉ်ကို မန္တလေးမြို့၊ မနောသုခခန်းမမှာ မတ်လ ၃ဝ ရက်၊ မနေ့က ကျင်းပခဲ့ပါတယ်။
2015-04-01
မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အိုးအိမ်အတည်တကျ မရှိဘဲ ရွှေ့ပြောင်းသွားလာနေရတဲ့ ကလေးငယ်တွေရဲ့ ဘဝ အကြောင်း တင်ပြထားတဲ့ပြဇာတ်တခုကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာ တင်ဆက်ခဲ့ပါတယ်။
2015-04-01
ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း ဆားဈေး ကျဆင်းနေတာကြောင့် ဆားတောင်သူတွေ အခက်တွေ့ နေကြပါတယ်။