ဘုန်းတော်ကြီးသင်ကျောင်း ဆရာဆရာမများ ထောက်ပံ့ရေး

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဆရာမတွေကို ၂ဝ၁၇- ၂ဝ၁၈ ပညာသင်နှစ်ကစပြီး လက်ရှိ ထောက်ပံ့ချီးမြင့်ငွေထက် ၂ ဆ တိုးပြီး ထောက်ပံ့သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်သူ က တင်ပြထားပါတယ်။