အာဏာသိမ်းပြီးတဲ့နောက် ဒေါင်းတို့မျိုးဆက်အဖွဲ့က လူငယ်တွေဟာ လက်နက်ကိုင်တဲ့သူကကိုင်၊ မြို့ပြဆန္ဒပြလှုပ်ရှားသူတွေက လှုပ်ရှား၊ ထောင်ထဲမှာ ဖမ်းဆီးခံရသူတွေ ဖမ်းဆီးခံရနေရပေမဲ့ ... သင်္ကြန်ရောက်တိုင်း မပျက်မကွက် သံချပ်ထိုးနေကြဆဲ ဖြစ်ပါတယ်။
ဒေါင်းတို့မျိုးဆက်အဖွဲ့ရဲ့ သံချပ်ထိုးကွက်တချို့ကို RFA သတင်းထောက် စောဖိုးခွား ကောက်နုတ်တင်ပြထားပါတယ်။