သီရိမင်္ဂလာဈေးသစ်ကြီး

ရန်ကုန် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်က သီရိမင်္ဂလာဈေးသစ် ဖွင့်လှစ်လိုက်တာ သုံးနှစ် ကျော်သွားပြီဖြစ်ပေမယ့် ဈေးဆိုင်ခန်းတွေ လျှပ်စစ်မီး မရတဲ့အပြင်၊ ဘုရင့်နောင်လက်ကားဈေးနဲ့ နီးကပ်ပြီး ပျံကျဈေးသည်တွေ များတဲ့အတွက် ဈေးကြီးထဲက ဆိုင်ခန်းတွေ ရောင်းအားကျနေတယ်လို့ သိရပါတယ်။