ဦးကိုနီလုပ်ကြံမှု ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အပြီးသတ်အမိန့်ချမည်

2019-02-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သေနတ်သမားကြည်လင်းကို ပြစ်ဒဏ်လျှော့ပေးဖို့နဲ့ ဇေယျာဖြိုး အပါအဝင် ကျန်ရှိသူတွေကို အမှုကနေ တရားသေလွှတ်ပေးဖို့ တရားခံရှေ့နေတွေက တရားရုံးမှာ ဒီနေ့ လျှောက်လဲချက်တင်ခဲ့ပါတယ်။

ဒီနေ့မှာနှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက်တင်ပြီးဖြစ်တာကြောင့် လာမယ့်အပတ်ရုံးချိန်းမှာ အမှုကို အပြီးသတ်အမိန့်ချဖို့ အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။

ဆိုက်တခုလုံးသို့