တိုင်းရင်းသား လူမျိုးများမဟာမိတ် UNA အစည်းအဝေး

တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ဟာ NLD ပါတီအစိုးရ တက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မေလ ၇ ရက်နေ့က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး အပြောင်းအလဲအပေါ် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သဘောထား ကို ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။