UNFC နဲ့ အားလုံးလက်ခံနိုင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်

တိုင်းရင်းသားအဖွဲ့အားလုံး လက်ခံနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဖြစ်မလာရင် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ဖို့ မလွယ်ဘူးလို့ ညီညွတ်သောလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပြောရေးဆိုခွင့်ရှိသူ ခူးဦးရယ်က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။