ဇန်နဝါရီလ ၁၄ ရက်နေ့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယနေ့မှာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အခြေခံဥပဒေကို ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတဲ့အပေါ် ညီလာခံ တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ NLD ပါတီ ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။
