သမ္မတဦးသိန်းစိန်အတွက် မဲဆွယ်ပွဲ-မင်းဘူး

သမ္မတဦးသိန်းစိန်ဟာ မကွေးတိုင်း မင်းဘူးမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ရာမှာ... ကြိုဆိုရေးယာဉ်တန်းမှာ "သမ္မတဦးသိန်းစိန် ပါတီ၊ခြင်္သေ့တံဆိပ်ကို ထောက်ခံမဲပေးကြစို့" ဆိုတဲ့ စာတန်းပါ စတစ်ကာတွေ သုံးထားတာကို တွေ့ရပါတယ်။ အပြည့်အစုံကို မကွေးအခြေစိုက် RFA သတင်းထောက် ကိုဇော်တူးက သတင်း ပေးပို့ထားပါတယ်။