ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းတွေကို နောက်ဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၁၄ ရက်နေ့က စတင် ထုတ်ပြန်နေပြီဖြစ်ပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မဲစာရင်းတွေ ကြေညာထားပြီး၊ ဧရာဝတီတိုင်း ဟင်္သာတခရိုင်မှာတော့ ရက်ရွှေ့ဆိုင်းထားတယ်လို့သိရပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
