အတိုင်ပင်ခံပုဂ္ဂိလ်ရာထူးအကြောင်း ရှင်းလင်းချက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ ရန်ကုန်တိုင်း တာမွေမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသခံတွေနဲ့ မနေ့က တွေ့ဆုံခဲ့ ပါတယ်။ ဒေသခံပြည်သူတွေ အနေနဲ့ ကောလဟာလတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို သတိထားကြဖို့ ဦးဝင်းမြင့်က တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။