အကောက်ခွန် ဒုညွှန်မှူး ဦးတက်ထွန်းအောင်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နဲ့ သိန္နီမြို့ကြားက ရေပူ စစ်ဆေးရေးစခန်းမှာ ဧပြီလအတွင်း ဘိန်းဖြူမှုန့်တွေ၊ တရားမဝင်တင်ဆောင်လာတဲ့ သစ်တွေ၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေအပြင် နွားတွေကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရေပူစစ်ဆေးရေးစခန်း၊ အကောက်ခွန်ဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။

ဦးတက်ထွန်းအောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။