ရန်ကုန်တိုင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်း၊ ခရိုင်နဲ့၊ မြို့နယ်ပါတီဝင်တွေ တွေ့ဆုံပွဲကို တာမွေမြို့နယ်မှာရှိတဲ့ Sky Star Hotel မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ တွေ့ဆုံပွဲကို NLD ပါတီနာယက သူရဦးတင်ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေ ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း နဲ့ ဦးဟံသာမြင့်တို့ တက်ရောက်ပြီး စကားပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
