၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အရောင်းအဝယ်ပြန်စ


2016.12.11
105mile-620.jpg မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကို နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

တရုတ် - မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံ ဘက်မှာ သွားရောက်ရောင်းချနေရတဲ့ သစ်သီးကုန်သည်တွေ ဟာ ကုန်သွယ်ရေးဇုန် သစ်သီးရောင်း ဝယ်ရေးကွင်းမှာ ဒီနေ့ ပြန်လည်ရောင်းချနေကြပါတယ်။

ဒီနေ့မှာတော့ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှာ အရင်လို ပုံမှန် ပြန်လည်ရောင်းချနိုင်ပြီ ဖြစ်တယ် လို့ ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းရှိ သစ်သီးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးစိုင်းမြင့်ဗိုလ် က ပြောပါတယ်။

"၂၀ရက်နေ့ ဖြစ်ပြီးနောက်ပိုင်းဒီနေ့မှ ပြန်စရောင်းတာပဲ၊ ဖရဲသီးကားက အစီး ၁၅၀ ကျော်တယ်၊ သခွားက အစီး ၃၀ ကျော်တယ်၊ အရောင်းအဝယ် လုပ်ရတာ ကတော့ မြန်ဆန်သွက်လက်သွား တာပေါ့၊တိုက်ပွဲမဖြစ်ခင် ၂၀ရက်နေ့ ဟိုဘက်ကနဲ့စာရင် ဒီရက်ရောင်းတာဈေးအများBကီးပိုရတယ်၊ ဝယ်လိုအားလည်း များတယ်၊စစ်တပ်ကလည်းလုံခြုံရေးယူပေးနေတယ်၊ဒီအတိုင်းပဲဆက်ပြီးအေးချမ်းသွားရင်တော့ အရောင်းအဝယ်လည်းလုပ် လို့ကိုင်လို့ပိုကောင်းသွားမှာပေါ့"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး တရုတ်-မြန်မာနယ်စပ်အနီး မူဆယ်မြို့ ၁၀၅မိုင် နယ်စပ် ကုန်သွယ်ရေးစခန်းအပါအဝင် ကွတ်ခိုင်၊ မုန်းကိုး၊ ကြူကုတ် (ပန်ဆိုင်း) တို့က တပ်မတော် တပ်စခန်းတွေ နဲ့ ရဲကင်းတွေကို KIA/KIO၊ TNLA၊ MNDAA၊ AA လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်နဲ့ လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

၁၀၅မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် သစ်သီးရောင်းဝယ်ရေးကွင်းမှာ လက်ရှိ လုံခြုံရေးဆောင်ရွက် ပေးထားပြီး တရုတ်ဘက်ကကုန်သည် ၂၀၀ ကျော်ဟာ ဒီနေ့စတင် လာရောက်ပြီး ဖရဲ၊ သခွားမွှေး၊ တွေကို ဈေးကောင်းပေးပြီး ဝယ်ယူကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။