ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်ကြောင်း စွပ်စွဲခံရသူ ၁၁ ဦးကို တရားစွဲဆို

2015-05-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ကို မြင်ရစဉ်
ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ကို မြင်ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး ကျောက်တော်မြို့နယ် ပီချောင်းဒေသက မြို့ခံ ၁၁ ဦးကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မတွေနဲ့ မြို့နယ် တရားရုံးမှာ ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။

တရားစွဲဆိုခံရသူ ၁၁ဦးထဲမှာ ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင် ၁ဦး ပါဝင်သလို ကျန်တဲ့ ၁၀ယောက်က AA အစည်းအဝေးကို တက်ရောက်ခဲ့သူတွေဖြစ်တယ်လို့ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်က ပြောပါတယ်။

" မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁)၊ (၂) နဲ့ပါခင်ဗျာ၊ အဲ့ဒီအထဲမှာ ၁ ယောက်က AA တပ်ဖွဲ့ဝင်ဖြစ်ပြီးတော့ ကျန်တဲ့ ၁ဝ ယောက်က AA တပ်ဖွဲ့ဝင်တွေကို ကူညီတဲ့သူတွေနဲ့ AA တပ်ဖွဲ့ဝင်ခေါင်းဆောင်ရဲ့ ခေါ်ယူပြီးတော့ပြုလုပ်တဲ့ အစည်းအဝေးကို တက်ရောက်တဲ့သူတွေ ဖြစ်ပါတယ်ခင်ဗျ"

ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်မှုကြောင့် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁)၊ (၂) နဲ့ ဖမ်းဆီးခံထားရသူ ၃၂ ဦးရှိပြီး အဲဒီအထဲက ၂၀ ကို ဒီလ ဒုတိယပတ်အတွင်းက စတင်တရားစွဲဆိုထားရာ မနက်ဖြန်မှာ ရုံးထုတ်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး စတဲ့ မြို့နယ်တွေက ဒေသခံတွေ ဖြစ်ပါတယ်။

ဒီနေ့ တရားစွဲဆိုခံရသူ ၁၁ ဦးကို လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

AA နဲ့ ဆက်သွယ်မှုကြောင့် ဖမ်းဆီးခံထားရသူ ၃၂ ဦးထဲမှာ မြိုတိုင်းရင်းသား ၈ဦး ပါဝင်ပြီး အဲဒီအမျိုးသား ၈ ဦးကို ပြန်လွှတ်ပေးဖို့ မြိုတိုင်းရင်းသားပါတီ ၃ခုက ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

မတရားအသင်းဆက်သွယ်မှု့ဆိုပါလား တယ်ဟုတ်တဲ့ဥပဒေပါလား ကမ္ဘာသုံးလား မြန်မာသုံးလား လူတိုင်းကတော့ ကို့အသင်းကို တရားတယ်ပြောမှာဘဲ လူလူချင်းဆက်စံတာ ရာဇဝတ်ဒုစရိုက်မြောက်သလား

May 30, 2015 09:08 AM

ဆိုက်တခုလုံးသို့