ဂီရိမုန်တိုင်းကြောင့် ၁၅၀ ခန့်သေဆုံးဖွယ်ရှိ
2010.10.28
ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်နေ့က ဆိုင်ကလုန်း ဂီရိ မုန်တိုင်း တိုက်ခတ်နေစဉ် မြင်ကွင်း ဖြစ်ပါသည်။ (Photo: RFA Listener)
(Photo: RFA Listener)
ဂီရိမုန်တိုင်းဒဏ်ကြောင့် မြေပုံမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေ အထိနာခဲ့ပြီး မြေပုံမြို့နယ်မှာ အသေအပျောက် အပျက်အစီး ပိုများကြောင်း ဒေသခံတွေက ပြောပါတယ် ။
ဒေသခံတွေအတွက် အမိုးအကာနဲ့ စားစရာတွေ အရေးပေါ် လိုအပ်နေပြီး စစ်အစိုးရ အာဏာပိုင်တွေပေးတဲ့ အကူအညီတွေ လုံလောက်မှု မရှိသေးသလို ၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ဖို့ ရောက်နေတဲ့ NGO အဖွဲ့တွေရဲ့ အလှူပစ္စည်းတွေကိုလည်း ဒေသခံအာဏာပိုင်တွေက ကြားဖြတ် တားမြစ်နေတယ်လို့ ဆိုပါတယ် ။
မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) ရဲ့ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖေသန်းကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ် ။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |









