မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မတူနဲ့အမြင်ထုတ်ဖော်ပြောဆို တဲ့သူတွေကို ဖမ်းဆီးထောင်ချနေတာတွေ၊ ပြည်သူတွေ မဲမေပးပဲမနေရဲအောင် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်လုပ်နေ တာတွေ ရပ်တန်းကရပ်ရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောလိုက်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အဖွဲ့ဝင်တွေကလည်း စစ်ကော်မရှင် စီစဥ်ထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ “အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာကသက်ဆိုင်ရာ လူကြီးမင်းတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့အတု အယောင်ရွေးကောက်ပွဲကို ပယ်ချဖို့ အသိအမှတ်မပြုဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ ဥက္ကဋ္ဌအနေနဲ့ တိုက်တွန်းပါရစေ။ ဘာလို့လည်းဆိုတော့ ဒီရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ အာဏာကိုဆက်ထိမ်းဖို့ကြိုးစားတဲ့ လုပ်ရပ်သက်သက်သာဖြစ်ပါတယ်။ရွေးကောက်ပွဲလေ့လာဖို့ကိုယ်စားလှယ်တွေဖိတ်ခေါ်နေတာကလည်း သူတို့တရားဝင်မှုရအောင်လုပ်နေတာပါ” လို့ပြောပါတယ်။
နိုင်ငံတကာကဝေဖန်နေတာနဲ့ပတ်သက်လို့ စစ်ကော်မရှင်ရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက်လုပ်တာလေ။ မြန်မာပြည်သူလူထုအတွက်လုပ်တာ၊ နိုင်ငံတကာလုပ်တာမှမဟုတ်ပဲ " လို့တုန့်ပြန်ထားပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြပါလိမ့်မယ်။
