စစ်ကော်မရှင်က ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကျင်းပချင်တဲ့ စစ်အာဏာပိုင်တွေနဲ့ ဆန့်ကျင်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအကြား ပြည်သူတွေ အကြောက်တရားနဲ့ နေထိုင်နေကြရပါတယ်။
စစ်တပ်နဲ့ လက်အောက်ခံအာဏာပိုင်တွေက ပြည်သူတွေ မဲပေးရေး တိုက်တွန်းရုံမက ခြိမ်းခြောက်အကြပ်ကိုင်တာတွေရှိနေသလို၊ ရွေးကောက်ပွဲ လုံခြုံရေးအကြောင်းပြပြီး ဒီရက်ပိုင်းမှာ နယ်မြေတချို့မှာ စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နှိမ်နင်းတာတွေရှိနေပါတယ်။ တဖက်မှာလည်း မဲမပေးရေး၊ မဲရုံမသွားရေးနဲ့ ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်တာတွေလည်းရှိနေပြန်ပါတယ်။
RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
