“RFA ရေဒီယိုနဲ့ရုပ်သံအစီအစဉ်”

၂ဝ၂၅ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့ - စစ်ကော်မရှင်ရွေးကောက်ပွဲ မြင်ကွင်း၊ ရွေးကောက်ပွဲတိုက်ခိုက်မှုနဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေအကြောင်းရှုမြင်ရမှာပါ။

ဒီအစီအစဉ်မှာ စစ်ကော်မရှင်ရွေးကောက်ပွဲ မဲပေးအပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားအပေါ် တုံ့ပြန်ချက်၊ ရွေးကောက်ပွဲနေ့မှာပဲ နေပြည်တော်၊ မန္တလေး၊ လွိုင်ကော်၊ မြဝတီ၊ ထားဝယ် စတဲ့မြို့တွေမှာ တိုက်ခိုက်မှုတွေရှိခဲ့တဲ့အကြောင်း စတာတွေကို တင်ပြထားပါတယ်။

RFA ရေဒီယိုနဲ့ရုပ်သံအစီအစဉ်ကို တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ ညနေ ၇ နာရီကနေ ၇ နာရီ ၁၅ မိနစ်အထိ ရေဒီယို လှိုင်းတိုမီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်သွားမှာဖြစ်ပြီး RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေကတဆင့်လည်း တိုက်ရိုက်ပြသသွားမှာဖြစ်ပါတယ်။