စစ်ကိုင်းတိုင်း ခင်ဦးမှာ လေကြောင်းဗုံးကြဲ အရပ်သား ၉ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အရှေ့ခြမ်း မြေနီလျှိုရွာက ခရီးသွားကားတွေ ခေတ္တရပ်နားတဲ့ မြေနီလျှိုလမ်းဆုံကို စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲမကျင်းပခင်တစ်ရက်အလို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ စစ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦထက်မနည်းသေဆုံးပြီး နောက်ထပ် လူ ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။

ဂျက်တိုက်လေယာဉ်တစ်ဦး၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးတို့အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ခင်ဦး ပ.အ.ဖ က ပြောပါတယ်။

အဲဒီနေရာ ခရီးတစ်ထောက်နား ကားရပ်နားတဲ့နေရာဖြစ်တာကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တာဖြစ်ပြီး ထမင်းဆိုင်နဲ့စျေးဆိုင်ခန်းတွေအပြင် ဆီသယ်ကား၊ ကုန်တင်ကား ၉ စီးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ လည်း ခင်ဦးမြို့နယ်ထဲက နေရာနှစ်နေရာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နှစ်နေရာပေါင်းက အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။

ခင်ဦးမြို့နယ်ဟာ စစ်ကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ကြေညာထားတဲ့ မြို့နယ်ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ခင်ဦးမြို့နယ် မြေနီလျှိုရွာအနီး လေကြောင်းတိုက်ခိုက်ခံရအပြီး အပျက်အစီးမြင်ကွင်းများ
myanmar-sagaing-air-strike-election ဒီဇင်ဘာလ ၂၇ ရက်နေ့ ခင်ဦးမြို့နယ် မြေနီလျှိုရွာအနီး လေကြောင်းတိုက်ခိုက်ခံရအပြီး အပျက်အစီးမြင်ကွင်းများ (ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)