စစ်ကော်မရှင်ဟာ ၂၀၂၅ ရွေးကောက်ပွဲအပိုင်း၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ စတင်ပြုလုပ်နေပြီး ရွေးကောက်ပွဲကို မဲမထည့်ရင် သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ငွေဒဏ်ပေးရမယ့်အပြင် အရေးယူမယ်ဆိုတဲ့ ဖိအားပေးပြောဆိုမှုတွေကြောင့် မဲမထည့်ချင်ပဲ ထည့်ခဲ့ရတယ်လို ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်က မဲဆန္ဒရှင်တွေက RFAကို ဒီနေ့မှာ ပြောပါတယ်။
ဒဂုံမြိုသစ်ေတာင်ပိုင်းမြိုနယ်မှာ မဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက်ရုံးတွေမှာ ကပ်ထားပြီး အဲဒီစာရင်းတွေအတိုင်း မဲမထည့်ရင် အရေးယူခံရမယ်ဆိုတဲ့ဖိအားပေးမှုတွေကြောင့် လက်ရှိရွေးကောက်ပွဲကို ဆန္ဒမပါဘဲ မဲထည့်ခဲ့ရတယ်လို မဲဆန္ဒရှင်တွေက ပြောပါတယ်။
မဲမထည့်ရင် ဒဏ်ငွေရိုက်မယ့်အပြင် နောက်ဆက်တွဲအရေးယူမှုတွေပါ ခံရနိုင်တာကြောင့် ဆန္ဒမပါဘဲထည့်ခဲ့ရတယ်လို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်က မဲဆန္ဒရှင်တစ်ဦးက ပြောပါတယ်။
မဲဆန္ဒရှင်တစ်ဦး - ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်
“တစ်ယောက်ကို မထည့်ရင် သုံးသိန်းဒဏ်ရိုက်မယ်တဲ့။ ပြီးတော့လည်း ဒီရပ်ကွက်ထဲမှာနေတဲ့အတွက် တော်ကြာကြရင် သေနတ်နဲ့လာပစ်မလား။ ဗုံးနဲ့လာထုမလားဆိုတာ ရှိတယ်လေ။ ဆန္ဒမှာတော့ လုံးဝမရှိတာအမှန်ပဲပေါ့။ ဒါပေမယ့် ထည့်ဆိုတော့ ထည့်လိုက်တယ်။ ဝတ်ကျေတန်းကျေပေါ့။ စိတ်ထဲမှာတော့ မနက်မိုးလင်းရင် လုပ်လိုက်ရတဲ့အလုပ်က ကျက်သရေမရှိဘူးလို ထင်မိတယ်။ အဲဒီလိုလုပ်နေမယ့်အစား အဘွားတိုစိတ်သဘောဆိုရင်လေ သန်းခေါင်စာရင်းထဲက သန်းခေါင်းစားရင်းတွေဟာ သူ့မဲဆို သူယူလိုက်ရင်ပြီးနေတာပဲ။ ဒီလိုထမင်းစားတာတွေ နေပူတာတွေ ဒုက္ခမပေးနဲ့တော့”
အုပ်ချုပ်ရေးပိုင်းတွေဘက်က မဲမထည့်ရင် အရေးယူမယ်ဆိုတာ ဖိအားပေးမှုတွေအပြင် မဲစားရင်းတွေ
ကြည့်ရှုဖို ဖိအားပေးမှုတွေကြောင့် မဲပေးဖိုစလစ်တော့ထုတ်လာခဲ့ပေမယ့် ရွေးကောက်ပွဲနေ့မှာတော့ မဲမပေးဘူးလို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်က နောက်ထပ်မဲဆန္ဒရှင်တစ်ဦးက.ပြောပါတယ်။
မဲဆန္ဒရှင်တစ်ဦး - ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်
“အာဏာပိုင်သူတိုအဖွဲအစည်းဘက်တွေကလာပြီးတော့ မဲစာရင်းသွားကြည့်ပါ။ ပြီးလိုရှိရင် စလစ်တွေလည်း.ထုတ်လာခဲ့ပေးပါပေါ့။ အဲလိုမျိုးတွေလိုက်ပြောတော့ သူတို ဟိုဟာဖြစ်အောင်လိုတော့ ကိုယ်ကသွားတော့ကြည့်လိုက်တယ်။ သွားကြည့်ပြီးတော့ စလစ်တွေလည်း ထုတ်လာတယ်ပေါ့။ အယောင်ပြပေါ့။ ကိုယ်ကတော့ သူတိုထုတ်ခိုင်းတယ်ဆိုတော့ ထုတ်တော့ထုတ်လာလိုက်တယ်လေ။ သွားပေးဖိုတော့ အစီအစဥ်တော့ မရှိဘူး။ မဲလည်းသွားမပေးသေးဘူး။ အခုအချိန်အထိ။ တကယ်လို သူတိုဘက်က ဖိအားတွေပေးပြီးတော့ အတင်းအကြပ်သွားပေးပါ လာပြီးတော့ဖိအားအတင်းလာပေးမယ်ဆိုရင်တော့ ပေးတော့ပေးလိုက်မယ်။ ပေးတော့ပေးလိုက်မယ်ဆိုပေမယ့် သူတိုပါတီတော့ မပေးဘူးပေါ့။.တခြာပါတီ ဘယ်ပါတီပဲဖြစ်ဖြစ် ကြုံတဲ့ပါတီတော့ နှိပ်ထားခဲ့လိုက်မှာပဲ”
ရွေးကောက်ပွဲအပြီးတက်လာမယ့် အစိုးရက အခုထက်ပိုပြီး ဆိုးရွားတဲ့အုပ်ချုပ်မှုကိုကြောက်ပေမယ့် ဖိအားပေးမှုတွေကြောင့် ဆန္ဒမပါပဲ မဲထည့်ခဲ့ရတယ်လို နောက်ထပ်မဲဆန္ဒရှင်တစ်ဦးက ပြောပါတယ်။
မဲဆန္ဒရှင်တစ်ဦး - ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်
“ထည့်ပေးပြီးလည်း ထပ်ပြီးတော့ အုပ်ချုပ်မှုက ပိုဆိုးမှာပဲ ကြောက်တာပါ။ အခုလည်း အုပ်ချုပ်နေတာက ဆိုးဆိုးရွားရွားတွေ အုပ်ချုပ်နေတာပဲလေ။ ဟုတ်တယ်မလား။ လူတိုင်းလည်း ဒုက္ခေတွရောက်နေကြတာပဲ။ စားဝတ်နေရေးရော။ အကုန်လုံးစီးပွားရေးတွေပါ အကုန်လုံးမပြေလည်ကြဘူးပေါ့နော်။ အဘက်ဘက်ကနေ ဒုက္ခတွေ ရောက်နေကြတာ။ ကျွန်မတို မထည့်ချင်ပါဘူး။ ဒါပေမယ့် သူတို ဟိုဟာတော့လည်း.ထည့်ပေးရတာပေါ့။ ဒီရွေးကောက်ပွဲကတော့ ကိုယ့်ဆန္ဒမပါဘူးပေါ့နော်”
ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်မှာတော့ စစ်ကော်မရှင်က ရွေးကောက်ပွဲအကြိုနေ့တွေကစပြီး ရပ်ကွက်အဝင်အထွက်လမ်းတွေမှာ လုံခြုံရေးတပ်ဖွဲဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွေက တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေသလို မဲရုံတွေမှာလည်း.လုံခြုံရေးတပ်ဖွဲဝင်တွေ စောင့်ကြပ်နေတာပါ။ မဲပေးတဲ့နေ့မှာတော့ လုံခြုံ
ရေးတပ်ဖွဲဝင်တွေက အရပ်ဝတ်တွေ ဝတ်ဆင်ပြီး အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ လုံခြုံရေး စောင့်ကြည့်နေတယ်လို မဲထည့်ခဲ့သူတွေက ပြောပါတယ်။
စစ်ကော်မရှင်ကကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲအပိုင်း (၁) ကို ဒဂုံမြိ့သစ်တောင်ပိုင်းမြိုနယ်၊ ဗိုလ်တထောင်မြိုနယ်၊ ကျောက်တံတားမြိုနယ်စတဲ့ မြိုနယ် ၁၂ မြိုနယ်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်နေတာပါ။ ။
