ရွေးကောက်ပွဲအပိုင်း (၂) ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၈၀ ရာနှုန်းနိုင်ထား

အပိုင်း (၂) ရွေးကောက်ပွဲ နေပြည်တော်လွှတ်တော် နှစ်ရပ်အတွက် ကိုယ်စားလှယ် ၈၀ ရာနှုန်းနီးပါး ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီနိုင်ထားဟု ရွေးကော်ကြေညာထား။

စစ်ကော်မရှင် ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း(၂) မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နေရာစုစုပေါင်း ၁၄၁ နေရာအနက် စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) က ၁၁၁ နေရာနဲ့ ၈၀ ရာခိုင်နှုန်း အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲကော်မရှင် (UEC)ရဲ့ ကြေညာတွေအရ သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့အထိ UEC ရဲ့ ထုတ်ပြန်ချက်တွေအရ ပြည်သူ့လွှတ်တော် ၉၄ နေရာမှာ နေရာ ၈၀၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ ၄၇ နေရာတွင် ၃၁ နေရာကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက နိုင်ထားတယ်လို့ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲ အပိုင်း (၂) မှာ အခုအချိန်အထိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီက ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် အမျိုးသားလွှတ်တော်ခြောက်နေရာ စုစုပေါင်း ရှစ်နေရာ နိုင်ထားပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ(PP)က အမျိုးသားလွှတ်တော် တနေရာ၊ ဒေါ်သက်သက်ခိုင် ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က အမျိုးသားလွှတ်တော် တနေရာနှင့် ကျားဖြူပါတီ(SNDP)က ပြည်သူ့လွှတ်တော် သုံးနေရာနိုင်ထားပါတယ်။

ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေအတွက် အနိုင်ရကိုယ်စားလှယ်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင် နေ့စဥ်ဆက်ပြီး ကြေညာနေဆဲဖြစ်ပြီး အပြီးသတ်စာရင်း ထွက်ပေါ်မလာသေးပါဘူး။

ရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ၆၃ မြို့နယ်တွင် ကျင်းပသွားမယ် စစ်ကော်မရှင်က ကြေငြာထားပါတယ်။