နွားထိုးကြီး ဘောလုံးပွဲ စစ်ကော်မရှင် ဗုံးကြဲ၊ ကိုးဦး သေဆုံး

ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေစုပြီး ဘောလုံးကန်နေစဥ် တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခြင်းဟုသိရ။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ဒေသခံတွေ ဘောလုံးပွဲလုပ်နေတုန်း စစ်ကော်မရှင် လေတပ်က လာပြီး ဗုံးကြဲအတွက် လူ ၉ ဦး သေဆုံးခဲ့တယ်လို့ ‌သိရပါတယ်။

ဘောလုံးကန်သူတွေအပါအ၀င် လာကြည့်သူတွေ စည်ကားနေချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆူးဖြူကုန်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသအခြေစိုက် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစုပြီး ဇန်နဝါရီ ၁၅ ရက်နေ့က ဘောလုံးကန်နေတာကို တိုက်လေယာဉ်နဲ့ လာတိုက်ခိုက်တာလို့လည်း ဒေသခံတွေကိုကိုးကားပြီး ဘီဘီစီမြန်မာသတင်းမှာ စနေနေ့က သတင်းမှာဖော်ပြထားပါတယ်။

ဒီလိုတိုက်ခိုက်တဲ့အတွက် ထိခိုက်ဒဏ်ရာရတာ၊ အရပ်သားထိခိုက်မှုရှိမရှိ စတဲ့အသေးစိတ်ကိုတော့ အသေးစိတ် ဖော်ပြမထား ပါဘူး။