မြန်မာငြိမ်းချမ်းရေးအတွက် စစ်တပ်မပါသည့် နိုင်ငံရေးအင်အားစုတွေနှင့် ဖိလစ်ပိုင် နိုင်ငံ

ဒီဆွေး‌နွေးပွဲဟာ မြန်မာမှာ တင်းမာမှုလျှော့ချရေး၊ လူသားချင်းစာနာမှုအကူအညီ ကောင်းမွန်စွာပေးနိုင်ရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာစေရေးတွေပါဝင်တယ်”ဟု ဆို။

“မြန်မာနိုင်ငံက ရှေ့ဆက်မရဖြစ်နေတဲ့ အာဆီယံ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အကောင်ထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံက အရေးကြီးတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်”လို့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရို (Theresa Lazaro) က ဇန်နဝါရီလ ၂၁ ရက်နေ့က ပြောလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက “ဒီဆွေး‌နွေးပွဲဟာ မြန်မာပြည်နိုင်ငံရေးမှာ မဖြစ်မနေပါရမယ့် အုပ်စုအဖွဲ့တွေဖြစ်ပြီး တင်းမာမှုလျှော့ချရေး၊ လူသားချင်းစာနာမှုအကူအညီ ကောင်းမွန်စွာပေးနိုင်ရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာစေရေးတွေပါဝင်တယ်”လို့ ဆိုပါတယ်။

သူ့အနေနဲ့ အာဆီယံအဖွဲ့ကြီးရဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်မူဝါဒကို အကောင်အထည်ဖော်နိုင်ရေး အခွင့်အလန်းတွေကိုလည်း အပြုသဘော အဓိပ္ပာယ်ရှိရှိ ဆွေး‌နွေးကြဖို့လည်း တိုက်တွန်းအားပေးခဲ့တယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့တောင်ဘက် အပန်းဖြေစခန်းမြို့ဖြစ်တဲ့ တန်ဂေးတေးမှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ မြန်မာစစ်ကော်မရှင် ကိုယ်စားပြုအဖွဲ့မပါဝင်ဘူးလို့ နိုင်ငံခြားရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံက ဘယ်အဖွဲ့တွေတက်ရောက်သလဲဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇရိုဟာ မြန်မာနိုင်ငံဆိုင်ရာ အာစီယံ အထူးကိုယ်စားလှယ်တာဝန်ကို ၂၀၂၆ မှာ လွှဲပြောင်းယူခဲ့တာဖြစ်ပါတယ်။ မစ္စလာဇရိုဟာ အခုလ အစောပိုင်းကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နေပြည်တော်မှာ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။