ရိုဟင်ဂျာလူမျိုး တုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ နယ်သာလန်နိုင်ငံမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုဖွင့်အရေးယူထားတာကို ဆန့်ကျင်ကန့်ကွက်တဲ့ အခန်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့လယ်မှာ ရာနဲ့ချီတဲ့ အမျိုးသားရေး လှုပ်ရှားနေသူတွေက ကျင်းပပြုလုပ်ခဲ့ပါတယ်။
၂၀၁၆ နဲ့ ၂၀၁၇ ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို လူမျိုးတုံးအောင် ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်၊ တိုင်တန်း ထားတဲ့အမှုကို ICJ မှာ ဇန်န၀ါရီလ ၁၂ ရက်နေ့က ပြန်စပြီး ကြားနာနေရာမှာ မြန်မာ စစ်ကော်မရှင်ရဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ကစတင် ချေပခဲ့ပါတယ်။
ရန်ကုန်မြို့လယ်က ဆန္ဒပြပွဲမှာ အမျိုးသားရေးလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်က တိုင်းပြည်အတွက် အမှန်တရားနဲ့ တရားမျှတမှုအတွက် အခုလို စုဝေးဆန္ဒပြတာလို့ AFP သတင်းဌာနကို ပြောကြားခဲ့ ပါတယ်။
ဂမ်ဘီယာက တိုင်ကြားတဲ့ ရိုဟင်ဂျာအမှုကို ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာမယ်လို့ ICJ က ထုတ်ပြန်ထားပါတယ်။
