RFA ရေဒီယိုနဲ့ရုပ်သံ အထူးအစီအစဉ် - ၂ဝ၂၆ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့

စစ်ကော်မရှင်ရဲ့ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြေပြန့်ဒေသပြည်သူတွေရဲ့ အသက်အိုးအိမ်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုအသစ်ဖြစ်လာနေတဲ့အကြောင်းနဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။

RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေကတဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ လွှင့်တင်ထားမှာဖြစ်ပြီး အဲဒီနေ့ ညနေ ၇ နာရီကနေ ၇ နာရီ ၁၅ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ။