ဒေါက်တာလင်းထွဋ်ကျန်းမာရေးအတွက် အထူးစိုးရိမ်ပူပန်ကြောင်း AI ပြော

နိုင်ငံရေးအရ လုပ်ကြံဖန်တီးထားတဲ့ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရ။

သွားဆရာဝန်ဘဝကနေ NLD အစိုးရလက်ထက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်ဟာ အကျဥ်းထောင်ထဲမှာ နှိပ်စက်ညှဥ်းပန်းခံနေရတဲ့အတွက် သူ့ကျန်းမာရေးအတွက် အထူးပူပင်သောက ဖြစ်ရကြောင်း လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဖေဖော်ဝါရီ ၃ ရက်နေ့က ‌ကြောချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သူဟာ အကျဥ်းထောင်ထဲမှာ အိပ်ရေးပျက်တာ၊ တိုက်ပိတ်အကျဥ်းချခံရတာ၊ မတရား စွပ်စွဲ အပြစ်ဒဏ်ပေးတာတွေ ခံထားရပြီး နိုင်ငံရေးအရ လုပ်ကြံဖန်တီးထားတဲ့ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံနေရသူဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အသက် ၆၅ နှစ်အရွယ် ဒေါက်တာလင်းထွဋ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းစဥ် တခြားအစိုးရထိပ်တန်းခေါင်းဆောင်တွေနည်းတူ စစ်တပ်က ဖမ်းဆီးခံရပြီး ညောင်ရွှေ အကျဥ်းထောင်နဲ့ တောင်လေးလုံး အကျဥ်းထောင်တွေမှာ အဂတိလိုက်စားမှု ပုဒ်မတွေနဲ့ ထောင်ဒဏ်စုစုပေါင်း အနှစ် ၂၀ ကျခံနေရပါတယ်။

၂၀၂၅ ဇွန်လက ကုလသမဂ္ဂ မတရားဖမ်းဆီးချုပ်‌နှောင်မှုဆိုင်ရာ မဟာမင်းကြီးရုံးက ဒေါက်တာလင်းထွဋ်ဟာ မတရားဖမ်းဆီးခံရပြီး ထောင်ဒဏ်အပြစ်ပေးခံရသူဖြစ်ကြောင်း သတ်မှတ်ခဲ့ပြီး သူ့ကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။