ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံအဆောက်အဦးတွေကို

ပစ်မှတ်ထားတိုက်ခိုက်တာတွေရပ်ဖို့ ဗြိတိန် ကျန်းမာရေးအဖွဲ့တွေ ‌တောင်းဆို

မြန်မာနိုင်ငံမှာ စစ်တပ်က စစ်တပ်က ဆရာဝန်သူနာပြုစတဲ့ ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ဆေးကုသခွင့်မပေးတာ စတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ ဗြိတိန် အခြေစိုက် ကျန်းမာရေးအဖွဲ့ကြီးနှစ်ခုက ဇန်နဝါရီ ၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ဗြိတိန် ဆေးပညာ အသင်းကြီး ( ) နဲ့ တော်ဝင်သူနာပြုကောလိပ် ()တို့က ဖေဖော်ဝါရီလ ၂ ရက်နေ့က တောင်းဆိုတဲ့ ကြေညာချက်မှာ ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုးကြီးတစ်ခု ဖြစ်လာနေ မြန်မာနိုင်ငံကအခြေအနေတွေအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း၊ စဥ်ဆက်မပြတ်ဆိုသလို ပစ်မှတ်ထားပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို ရန်သူသဖွယ်တိုက်ခိုက်နေတဲ့အတွက် မြန်မာနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ပြိုလဲလုနီးပါးဖြစ်နေရကြောင်း ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပ‌ဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို လေးစား လိုက်နာပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံဆေးခန်းတွေ၊ ဆေးကုသမှုခံယူနေတဲ့ အရပ်သား လူနာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကို ရပ်တပ်ဖို့လည်း တိုက်တွန်းထားပါတယ်။