KIA နဲ့ ‌PDF တပ်များ ထိန်းချုပ်ထားသည့် ဗန်းမောက်ကို ပြန်သိမ်းနိုင်ဟု စစ်ကော်မရှင်ကြေည

ဗန်းမောက်မြို့ကို ၂၀၂၅ စက်တင်ဘာလ ၂၀ ရက်နေ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက သိမ်းယူခဲ့တာဖြစ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကော်မရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင် ဒေသခံ ကာကွယ်ရေး (PDF) မဟာမိတ်တပ်တွေ ၅ လကြာ သိမ်းယူထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်နဲ့ မဟာမိတ် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံပိုင်မီဒီယာတွေက တစ်ဆင့် ထုတ်ပြန်ကြေညာ ပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်မှာ ရှိတဲ့ ဗန်းမောက်မြို့ကို ၂၀၂၅ စက်တင်ဘာလ ၂၀ ရက်နေ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက သိမ်းယူခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ် တွေအနေနဲ့ စက်တင်ဘာ ၂၄ ရက်ကစပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ သတင်းမီဒီယာတွေမှာ ဗန်းမောက်ပြန်ရဖို့ တိုက်ပွဲကြီးငယ် ၆၉ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကနေ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီး၊​ ဟုမ္မလင်း၊ ဖောင်းပြင်၊ ဗန်းမောက်၊ ဝန်းသို၊ အင်းတော်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ အင်းတော်ကြီးနှင့် ဖားကန့်ဆယ်ဇင်း ဒေသတို့တွေမှာ SNA က စစ်တပ်နဲ့ပေါင်းပြီး စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတယ်လို့လည်း Myanmar Now သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

ဓာတ်ပုံ - ဗန်းမောက်မြို့ကို ပြန်လည်ထိန်းချုပ်အပြီး စစ်ကော်မရှင်တပ်သားများ ဗန်မောက်မြို့တစ်နေရာတွင် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (MOI)