စိန်ခေါ်ချက်များနဲ့မြန်မာလူငယ် အပိုင်း(၂)

ကိုမာဝီရဲ့ သေမင်းတံခါး၀က နေ့ရက်များ

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြပေးမဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့် နေပါပြီ။

ဒီတစ်ပတ် အစီအစဉ် အပိုင်း(၂)မှာတော့ ကရင်နီဒေသက တိုက်ပွဲတွေထဲ အသက်ဘေးနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ် ကိုမာဝီရဲ့အကြောင်း ဖေဖော်ဝါရီလ ၁၄ ရက် စနေနေ့ မနက် ၇ နာရီအချိန်မှာ နားဆင်နိုင်ပါပြီ။

ဒီအစီအစဉ်ကို RFA ရဲ့ Facebook, YouTube တွေကနေလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။