မြန်မာစစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မတ်လ ၄ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုမျတွေကြောင့် သက်ကြီးရွယ်အိုတွေ အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဒေသမှာ စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင် လှုပ်ရှားခဲ့တဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး စစ်ကော်မရှင်တပ်ဆီ လက်နက်ချအပြီး ဖေဖော်ဝါရီ တတိယပတ်ကစလို့ ပုလဲမြို့နယ်ထဲမှာ စစ်တပ်က အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးနေခဲ့တာလို့ ဒေသခံတွေကို ကိုးကားပြီး မြန်မာနောင်းသတင်းက ဖေဖော်ဝါရီလ ၅ ရက်နေ့က ရေးသားပါတယ်။
စစ်ကော်မရှင် စစ်ကြောင်း တပ်စွဲထားတဲ့ ချင်ပြစ်ရွာနဲ့ အနီးဝန်းကျင်မှာရှိတဲ့ ပိတောက်ကုန်းရွာကို မတ်လ ၄ ရက်နေ့က စပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်ရာမှာ ကျန်းမာရေး မကောင်းတဲ့ သက်ကြီး အဘိုးအဘွား နှစ်ဦး သေဆုံးပြီး နေအိမ် ၁၀ လုံးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့ည ၉ နာရီ ဝန်းကျင်မှာ မြောက် မရိုးတုန်းရွာကို စက်တပ်လေထီး ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တဲ့အတွက် လူ ငါးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရတယ်လို့လည်း သိရပါတယ်။
ဒီကျေးရွာတွေဟာ တစ်ရွာနဲ့တစ်ရွာအကြား ငါးမိုင်ပတ်လည်ခန့်သာ ဝေးပြီးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
