" AA ရဲ့အောက်လမ်းပညာကြောင့်စစ်ရှုံးတာလို့ စစ်တပ်အရာရှိတွေကလက်အောက်ငယ်သားတွေကိုပြော

စိန်ခေါ်ချက်များနဲ့မြန်မာလူငယ် - ၆

ဒီအပတ်အစီအစဉ်မှာတော့ မန္တလေးမှာပေါ်တာဆွဲခံရပြီး စစ်မှုထမ်းအပတ်စဥ် (၉) မှာ သင်တန်းတက်ခဲ့ရတဲ့ ကိုသဲဇော်အောင် နဲ့စကားပြောထားပါတယ်။

သူက စစ်သင်တန်းပြီးတဲ့နောက် မကွေးတိုင်း ငဖဲမြို့နယ်က အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ပေးခဲ့ရပြီး အဲဒီနောက် ထွက်ပြေးလွတ်မြောက်ခဲ့တဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ချင်းပြည်နယ်ကလွတ်မြောက်နယ်မြေမှာခိုလှုံနေပါတယ်။

အပြည့်အစုံကို RFA Burmese Website, RFA Burmese Facebook နဲ့ YouTube မှာကြည့်ရှုနားဆင်နိုင်ပါတယ်။