ပလက်ဝမြို့နယ် ကြောင်ချောင်းရွာ ဗုံးကြဲခံရ၊ လူ ‌ခြောက်ဦး သေဆုံး

ထိခိုက်ဒဏ်ရာရသူ ၅ ဦးထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် တစ်ဦးလည်း ပါဝင်တယ်လို့ သိရ။

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာကို စစ်ကော်မရှင် တပ်က ဂျက်တိုက်လေယာဥ် နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ခြောက်ဦး သေဆုံးပြီး ငါးဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားပြီး သံလွင်ခက်သတင်းဌာနက ရေးသား ဖော်ပြ ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၉ ရက် ညနေ ၄ နာရီကျော်ခန့်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် လူနေ အိမ်တွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၅ ဦးထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် တစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ထိခိုက်ဒဏ်ရာရမှု အသေးစိတ်ကို RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။