RFA မြန်မာဘာသာအစီအစဉ်ကို RFA Burmese Website, YouTube နဲ့ Facebook စာမျက်နှာတွေမှာတနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့ မနက်ခင်းမှာ အသစ်လွှင့်တင်နေပါပြီ။ ရေဒီယိုမှာတော့ ညနေ ၇ နာရီကနေ ၇ နာရီ ၁၅ မိနစ်အထိ လှိုင်းတိုမီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေနားဆင်နိုင်ပါတယ်။
အခုအစီအစဥ်မှာ
၁) စစ်ခေါင်းဆောင်သမ္မတဖြစ်တာကို တရုတ်နဲ့ရှရှားကြိုဆို
၂) ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးနှစ်ဦးသေဆုံး
၃) ခရိုနီသူဌေးကြီး ဦးတေဇနဲ့ကုမ္ပဏီကို စစ်ကော်မရှင်ဗဟိုဘဏ်က နာမည်ပျက်စာရင်းသွင်း
၄) ရေကစားမဏ္ဍပ်အနေနဲ့ ခွင့်ပြုမိန့်မရှိဘဲ စည်ပင်ရေကိုသုံးရင်အရေးယူမယ်လို့သတိပေး စတဲ့သတင်းတွေနဲ့အတူ၊
“မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် လုပ်သင့်တဲ့ ၉ ချက်ကို ထင်ရှားတဲ့နိုင်ငံရေးသမားတွေအဆိုပြု” တဲ့အကြောင်း ကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်။
