စစ်ခေါင်းဆောင်ကိုတရားစွဲတဲ့အမှု အင်ဒိုနီးရှားရှေ့နေချုပ်ရုံးလက်ခံ

ရိုဟင်ဂျာအရေးဆောင်ရွက်တဲ့သူတွေနဲ့ သူတို့ရဲ့ရှေ့နေတွေက သမ္မတသစ်အဖြစ်တင်မြှောက်ခံထားရတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ကို လူမျိုးသုန်းသတ်ဖြတ်ညှင်းပမ်းနှိပ်စက်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာရုံးတင်တရားစွဲတဲ့အတွက် အင်ဒိုနီးရှားရှေ့နေချုပ်ရုံးက လက်ခံလိုက်ပါတယ်။

Myanmar Accountability Project (MAP) လို့ခေါ်တဲ့အဖွဲ့က တရားစွဲလိုက်တာပါ။ ဒါဟာ အပြည်ပြည်ဆိုင်ရာတရားစီရင်ခွင့်ဆိုတဲ့မူဝါဒအောက်မှာ ကျူးလွန်ခံရသူတွေဟာ ကျူးလွန်သူတွေကို ပြည်ပနိုင်ငံတွေကတရားရုံးတွေမှာ စွဲချက်တင်ခွင့်ရှိတယ်ဆိုတဲ့အတိုင်း ဆောင်ရွက်တာလို့ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့လက်အောက်ခံ စစ်တပ်က ရခိုင်ပြည် နယ်မြောက်ပိုင်းက ရိုဟင်ဂျာရွာတွေကိုမီးရှို့တာ၊ လူတွေကို ရုပ်ပိုင်းစိတ်ပိုင်းညှင်းပမ်းနှိပ်စက်တာ၊ အုပ်စုဖွဲ့မုဒိန်းကျင့်တာတွေအတွက် တရားစွဲလိုက်တာလို့ Myanmar Accountability Project (MAP) ရဲ့ကြေညာချက်မှာဖော်ပြပါတယ်။

စစ်ခေါင်းဆောင် သမ္မတအဖြစ်တင်မြှောက်ခံရပြီးရက်ပိုင်းမှာပဲ အင်ဒိုနီးရှားရှေ့နေချုပ်ရုံးက အမှုကိုလက်ခံလိုက်တာပါ။

ဒီလုပ်ပိုင်ခွင့်အရ အခုတရားစွဲတဲ့ရှေ့နေအဖွဲ့ဟာ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင် လှိုင်နဲ့ စစ်တပ်အရာရှိတွေကို ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသုတ်သင်မှုရော၊ အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေကို ကျူးလွန်ထားတဲ့လုပ်ရပ်တွေအတွက်ပါအရေး ယူနိုင်ဖို့ အာဂျင်တီးနား၊ ဖိလစ်ပိုင်၊ တူရကီ၊ ဂျာမနီနဲ့ တီမောလက်စတေနိုင်ငံမှာ တရားစွဲဖို့လည်း ကြိုးစားနေတယ်လို့သိရပါတယ်။