RFA ရေဒီယိုနဲ့ရုပ်သံအထူးအစီအစဉ် ၂ဝ၂၆ ဧပြီ ၁၀ ရက်၊ သောကြာနေ့

တရုတ်နဲ့ အိန္ဒိယကိုယ်စားလှယ်လာတဲ့စစ်ခေါင်းဆောင်ရဲ့ သမ္မတကျမ်းကျိန်ပွဲနှင့် စစ်ပြေးဒုက္ခသည်များ

၁) စစ်ခေါင်းဆောင်ရဲ့ သမ္မတကျမ်းကျိန်ပွဲကို တရုတ်နဲ့ အိန္ဒိယကိုယ်စားလှယ်လာ

၂) KIO ဒုဥက္ကဋ္ဌ ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံ

၃) မြင်းခြံမြို့ ဖက်ပင်အိုင်ရွာစီးနင်းခံရမှု ဒေသခံ ၁၁ ဦးသေဆုံး

၄) နတ်တလင်းမှာ စစ်ဘေးဒုက္ခသည် ခုနစ်ထောင်ခန့်အရေးပေါ်အကူအညီလိုအပ်နေ

၅) စစ်အာဏာသိမ်းဆန့်ကျင်သူတွေရဲ့အချက်အလက်ပေးလိုက်တဲ့ တယ်လီနောမြန်မာတရားစွဲခံနေရ --- စတဲ့သတင်းတွေနဲ့အတူ

“အီရန်စစ်ပွဲကြောင့် မြန်မာ့လယ်ယာလုပ်ငန်းမှာလည်းအကြီးအကျယ်ထိခိုက်နေ” တဲ့အကြောင်း တင်ပြထားပါတယ်။

လွတ်လပ်တဲ့အသံ RFA က ရေဒီယိုနဲ့ရုပ်သံအထူးအစီအစဉ်ကို RFA Burmese Website, YouTube နဲ့ Facebook စာမျက်နှာတွေမှာ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့ မနက်ခင်းတွေမှာ အသစ်လွှင့်တင်နေပါပြီ။ ရေဒီယိုမှာတော့ နေ့စဥ်ည ၇ နာရီကနေ ၇ နာရီ ၁၅ မိနစ်အထိ လှိုင်းတိုမီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။