ဒီအပတ်အစီအစဉ်မှာတော့ ရေတပ်ကနေ CDM လုပ်ပြီး အာဏာရှင်ကိုလက်နက်ကိုင် ပြန်တိုက်နေတဲ့ ကိုငြိမ်းချမ်းနဲ့စကားပြောထားပါတယ်။
ကိုငြိမ်းချမ်းဟာ စခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း ၈၁ မမ ဗုံးသီးစတွေထိမှန်ပြီး ဒဏ်ရာ အကြီးအကျယ်ရခဲ့သလို အခုချိန်အထိ အဆုတ်ထဲဗုံးစတွေကျန်နေပေမဲ့ ကရင်နီဒေသ အခြေစိုက် မြို့ပြတော်လှန်ရေးတပ်ဦး(URF) ရဲ့ စစ်သင်တန်းမှူးတာဝန်ကိုထမ်းဆောင် နေပါတယ်။
RFA Burmese Facebook နဲ့ YouTube မှာလည်းကြည့်ရှုနားဆင်နိုင်ပါတယ်။
