၁) တရုတ်ကုမ္ပဏီ မကွေးတိုင်းမှာရေနံထုတ်ဖို့ပြင်
၂) ဘီးလင်းမြို့နယ်က စစ်တပ်ရဲ့ လေးကေစခန်းကုန်းကို တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်
၃) စစ်တပ်က ဘီးလင်းမြို့နယ်ကရွာတွေကို ဗုံးကြဲတိုက်ခိုက်နေ
၄) တောင်သာမြို့နယ်ကရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုးလို့ ဒေသခံ ရှစ်ဦးသေဆုံးပြီး အိမ် သုံးရာလောက် မီးရှို့ခံရ --- စတဲ့ သတင်းတွေနဲ့အတူ
“တရုတ်ရဲ့ မြစ်ဆုံဆည်စီမံကိန်းပြန်စဖို့ အသွင်ပြောင်းအစိုးရကြိုးစား” နေတဲ့အကြောင်း တင်ပြထားပါတယ်။
လွတ်လပ်တဲ့အသံ RFA က ရေဒီယိုနဲ့ရုပ်သံအထူးအစီအစဉ်ကို RFA Burmese Website, YouTube နဲ့ Facebook စာမျက်နှာတွေမှာ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့ မနက်ခင်းတွေမှာ အသစ်လွှင့်တင်နေ ပါပြီ။ ရေဒီယိုမှာတော့ နေ့စဥ်ည ၇ နာရီကနေ ၇ နာရီ ၁၅ မိနစ်အထိ လှိုင်းတိုမီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်မှာဖြစ်ပါတယ်။
