အမတ် ၂၃ ဦး အိတ်ဖွင့်ပေးစာ NLD တုံ့ပြန်

ငြိမ်းချမ်းရေး လိုလားသူများ အတွက် ဆိုပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၂၃ဦး ရေးသားတဲ့ အိတ်ဖွင့် ပေးစာ အပေါ် NLD ပါတီက ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ စကားပြောခြင်းဟာ အရေးကြီးဆုံး ဖြစ်ပါတယ်လို့ ပြောဆို လိုက်ပါတယ်။

2011.08.09
u-tin-oo-pin-lone1-305 ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က အဖွဲ့ချုပ်တွင် ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးက ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်အကြောင်း ဟောပြောနေစဉ်။
NLD

အဲသလို တပြိုင်နက်ထဲမှာ KIO အဖွဲ့ကလည်း လက်ရှိ အစိုးရဟာ ငြိမ်းချမ်းရေး အတွက် ပြတ်သားတဲ့ မူဝါဒမရှိဘူးလို့ ဝေဖန် လိုက်ပါတယ်။

လွှတ်တော် အမတ်တွေရဲ့ သြဂုတ်လ ၈ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာကို အစိုးရပိုင် သတင်းစာတွေမှာ ဒီကနေ့ ဖေါ်ပြခဲ့ပြီး အိတ်ဖွင့် ပေးစာဟာ အစိုးရရဲ့ ဆောင်ရွက်ချက်များကို အသားပေး ဖေါ်ပြထားတာ ဖြစ်ပါတယ်။ အိတ်ဖွင့် ပေးစာမှာ အစိုးရနဲ့ ဆန့်ကျင်ဘက် အဖွဲ့တွေဟာ တဘက်စွန်း ရောက်ခြင်း သံသယတွေ ရှိခြင်း ပြင်ပ ဘေးပယောဂတွေ ဝင်ရောက် နှောင့်ယှက် နေတယ်လို့ ရေးထား ပါတယ်။ ဒီစာနဲ့ ပတ်သက်ပြီး NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးက မိမိတို့ အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အတွက် အကူအညီ ပေးဖို့သာ ဆန္ဒရှိတယ်လို့ ခုလို ပြောပါတယ်။

“ပြောရအောင် ဆိုရအောင်ဆိုတဲ့ ကိစ္စမှာ မပြောကြ မဆိုနိုင် ကြဘူးလားဗျာ။ သူတို့ လွှတ်တော်လည်း ပြောစရာ ရှိတယ် အဲဒီလို ရအောင်လုပ်ပြီး ပြောကြပေါ့။ ကျနော်တို့ဘက်က ပြောသင့် ပြောထိုက်တာ ကူညီစရာရှိရင် အကူအညီ ပေးမယ်။ အေးချမ်းမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု အကျိုးပြု လုပ်ငန်းကို လုပ်ပါ့မယ်လို့ ပြောထားတာ ဒါကို အထောက်အပံ့ ဖြစ်မယ်ဆို လုပ်မှာပဲ။ တယောက်ထဲ လုပ်ခွင့်ရလည်း တယောက်ထဲ လုပ်မှာပဲ။ အဖွဲ့နဲ့ လုပ်ခွင့်ရလည်း အဖွင့်နဲ့ လုပ်မှာပဲ”

အလားတူ KIO အဖွဲ့ကလည်း အခုထုတ်ပြန်တဲ့ စာနဲ့ ပတ်သက်ပြီး ဆိုလိုရင်းကို အတိအကျ မသိရဘူးလို့ ပြောဆိုပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ဆက်လက် ဆောင်ရွက်ဖို့ အစိုးရမှာ ပြတ်သားတဲ့ လမ်းစဉ် ရှိပုံမရဘူးလို့ ဆိုပါတယ်။ KIO ပြောခွင့်ရ ဦးလာနန်းက ခုလိုပြောပါတယ်။

“ဒီအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ထားပြီးတော့ ဘာတွေ လုပ်ကြမလဲ။ နိုင်ငံရေး ဆွေးနွေးမှု လမ်းစဉ်ဆိုတာ ဘယ်လို လမ်းစဉ် ဖြစ်ရမလဲ ဆိုတာကို မေးမြန်းထားတာ ရှိတယ်။ အဲဒီအပေါ်မှာ သူတို့က ဘာမှ ပြောတာ မရှိဘူး။ ရှင်းရှင်း လင်းလင်း ဖြေတာ မရှိဘူး။ လက်မှတ် ထိုးပြီးမှ ဆွေးနွေးကြတာမျိုး ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေက ပြောတာရှိတယ်။ ဝေေ၀ဝါးဝါး ပြတ်ပြတ် သားသား မရှိတဲ့ အဖြေမျိုးနဲ့တော့ အပစ်အခတ် ရပ်ဆိုင်းရေး မလုပ်နိုင်ဘူး”

KIO အဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် လာရောက် ညှိနှိုင်းတဲ့ အဖွဲ့ကို KIO အဖွဲ့ အပေါ်ထားရှိတဲ့ သဘောထား အပါအဝင် မေးခွန်း ၈ ခု ပြန်လည် မေးမြန်းထားပေမယ့် အခုချိန်အထိ ပြန်ကြားခြင်း မရှိဘုူးလို့ KIO က ပြောဆို ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။