ထိုင်း မြေပျိုမှုမှာ မြန်မာ ၃ ဦးသေဆုံး

ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်၊ မူအန်းခရိုင်အတွင်း မနေ့က မြေပြိုမှု ဖြစ်ပွားခဲ့ရာမှာ မြန်မာနိုင်ငံသူ ဆောက်လုပ်ရေး အလုပ်သမ ၃ ဦးသေဆုံးသွားခဲ့ပါတယ်။ အင်္ဂါနေ့ မွန်းလွဲပိုင်းက တောင်စောင်းတစ်ခုမှာ ဟိုတယ်ဆောက်လုပ်ဖို့ အတွက် မြေတူးနေကြစဉ်အတွင်း ရုတ်တရက်မြေပြိုကျပြီး၊ မြန်မာအလုပ်သမ ၃ ဦး သေဆုံးသွားခဲ့တာပါ။ သေဆုံး သူတွေဟာ အသက် ၁၉ နှစ်၊ ၁၆ နှစ်နဲ့ ၁၅ နှစ် အရွယ်တွေဖြစ်ကြပြီး အမည်နာမ တစုံတရာ မသိရသေးပါဘူး။ မိုးရွာသွန်းထားတဲ့အတွက် တောင်စောင်းမှာ တူးဖေါ်နေတဲ့မြေသားတွေ ပြိုကျခဲ့တာဖြစ်ကြောင်း၊ အခင်းဖြစ်ပွားမှုမှာ ကားတစ်စီးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။