ကလေးစစ်သား ၇ဝ နီးပါး လွှတ်ပေးမှု ကုလသမဂ္ဂကြိုဆို

2013-08-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာအစိုးရက အသက်မပြည့်သေးတဲ့ ကလေးစစ်သား ၆၈ ဦးကို ဒီကနေ့လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ကလေးစစ်သားပပျောက်ရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ သဘောတူလက်မှတ်ရေးထိုး ခဲ့ပြီးနောက်ပိုင်း ကလေးစစ်သား အများဆုံးလွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ ပြီးခဲ့တဲ့လ ဇူလိုင် ၈ ရက်နေ့က ကလေးစစ်သား ၄၂ ယောက်ကို တတိယအကြိမ်မြောက် လွှတ်ပေးခဲ့ြပီး တစ်လမပြည့်ခင်ကာလမှာ ကလေးစစ်သား ၆၈ ယောက်ကို ထပ်မံလွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ အကောင်းဘက်ကို ဦးတည်နေတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Ashok Nigam က ပြောပါတယ်။

မြန်မာအစိုးရဟာ ၂၁၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က  နိုင်ငံအတွင်း ကလေးစစ်သားပပျောက်ရေးနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးအတွက် ၃ နှစ်စီမံကိန်း သဘောတူညီချက်တစ်ရပ်ကို ILO နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့သလို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များအား စစ်သားအဖြစ်အသုံးပြုနေမှုကို ၂၁၅ မတိုင်မီ ရှာဖွေဖော်ထုတ်ကာ စစ်တပ်မှနုတ်ထွက်ခွင့်ပြုရေး ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း သဘောတူညီထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့