ကချင်ဒုက္ခသည် ကလေးတွေကို ၈၈မျိုးဆက်ကျောင်းသားများ အနွေးထည် လှူဒါန်း
2012.11.17
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသော ပြည်သူတချို့ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA
၈၈ မျိုးဆက်ကျောင်းသားတွေက ပေးပို့လှူဒါန်းလိုက်တဲ့ အနွေးထည်တွေကို ဒီကနေ့မနက် ၁၀ နာရီက ဖားကန့်ဒေသမှာရှိတဲ့ NLD အဖွဲ့ဝင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ဒေသခံတွေက စစ်ဘေးဒုက္ခသည် စခန်းတွေက ကလေးငယ်တွေကို သွားရောက်လှူဒါန်းနေတယ်လို့ ဖားကန့်မြို့ခံဦးချိုက RFAကို ပြောပါတယ်။
လတ်တလောအခြအနေမှာ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း ၁၂ ခုလောက်ရှိနေပြီး စစ်ဘေးရှောင်ပြည်သူ ၂ ထောင်လောက် ရှိတယ်လို့ သိရပါတယ်။
| အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |









