၈၈ မျိုးဆက်တွေနဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့ ရန်ကုန်လှည့်လည်

၈၈ မျိုးဆက် ကျောင်းသားများရဲ့ သြင်္ကန်သံချပ်အဖွဲ့က ဒီကနေ့ သြင်္ကန်အကြတ်နေ့မှာလည်း အနည်းဆုံး (၄) နေရာမှာ လိုက်လံဖျော်ဖြေခဲ့တယ်လို့ သတင်းရရှိပါတယ်။
2012-04-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၈၈ မျိုးဆက် ကျောင်းသားများ၏ သံချပ်အဖွဲ့က ၂၀၁၂ ခုနှစ် သြင်္ကန်ကာလအတွင်း ရန်ကုန်မြို့တွင်း နေရာတချို့တွင် လှည့်လည် ဖျော်ဖြေနေစဉ်။
၈၈ မျိုးဆက် ကျောင်းသားများ၏ သံချပ်အဖွဲ့က ၂၀၁၂ ခုနှစ် သြင်္ကန်ကာလအတွင်း ရန်ကုန်မြို့တွင်း နေရာတချို့တွင် လှည့်လည် ဖျော်ဖြေနေစဉ်။
RFA

မနက်ပိုင်းမှာတော့ လူစည်ကားတဲ့ ရန်ကင်းစင်တာနဲ့ ဖဆပလ-စီးတီးမတ်တွေမှာ သွားရောက်ဖျော်ဖြေခဲ့သလို ညနေပိုင်းမှာလည်း ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခြံနဲ့ ဗိုလ်ချုပ်ရွာက ပြည်သူတွေကို သွားရောက် ဖျော်ဖြေခဲ့ကြောင်း သိရပါတယ်။

ဒီသြင်္ကန်သံချပ်အဖွဲ့ဟာ မနက်ဖြန်မှာလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သွားရောက်ပြီး သံချပ်ထိုးကြမှာဖြစ်ပြီး အခြားနေရာတွေကိုလည်း သွားရောက် ဖျော်ဖြေ ကြဦးမှာ ဖြစ်ပါတယ်။

၈၈-မျိုးဆက်အဖွဲ့ရဲ့ သြင်္ကန်သံချပ်တွေကို ကိုမင်းကိုနိုင်က အဓိက ရေးစပ်ထားတာဖြစ်ပြီး အဲဒီအဖွဲ့ထဲမှာ အဖွဲ့ဝင် (၂၀) လောက်ပါဝင်ပါတယ်။ သူတို့အဖွဲ့နဲ့အတူ မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့က ပူးတွဲပြီး လိုက်လံ ဖျော်ဖြေနေတာ ဖြစ်ပါတယ်။

ဒီအကြောင်း အာအက်ဖ်အေ ဝိုင်းတော်သား ဦးခင်မောင်စိုး ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့