ရွေးကောက်ပွဲ မသမာမှုများ ဖော်ထုတ်ဖို့ အဖွဲ့ဝင်များကို NLD ရှင်းလင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ဦးဆောင်တဲ့ အဖွဲ့ဟာ သြဂုတ်လ ၃၀ ရက် ဒီကနေ့ ပဲခူးတိုင်းအတွင်းက မြို့နယ်တွေကို သွားရောက်ပြီး အဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေ၊ ပါတီနိုင်ငံရေး ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2010-08-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာစစ်အစိုးရက ထုတ်ပြန်ကြေညာသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို မတ်လ ၁၀ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန်မြို့ရှိ ရုံးချုပ်တွင် အဖွဲ့ဝင်တဦး ဖတ်ရှုနေပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာစစ်အစိုးရက ထုတ်ပြန်ကြေညာသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို မတ်လ ၁၀ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန်မြို့ရှိ ရုံးချုပ်တွင် အဖွဲ့ဝင်တဦး ဖတ်ရှုနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဦးဉာဏ်ဝင်းနဲ့အတူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးစိုးဝင်းနဲ့ ဦးညွန့်ဝေတို့လည်း လိုက်ပါ သွားပြီး တောင်ငူခရိုင်အတွင်း မြို့နယ် ၄ မြို့နယ်က အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ရွေးကောက်ပွဲ ကာလအတွင်း အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ရပ်တည်သင့်တဲ့ အနေအထားတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို ရှင်းလင်း ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို မဝင်ပေမဲ့ ရွေးကောက်ပွဲကို လစ်လျူရှုထားဖို့ မဟုတ်ပဲ ရွေးကောက်ပွဲမှာ မသမာမှုတွေ တွေ့ရှိခဲ့ရင် ဖော်ထုတ်ဖို့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေရော ပြည်သူတွေမှာပါ တာဝန်ရှိကြောင်း ပြီးခဲ့တဲ့အပတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့စဉ်က ဦးဉာဏ်ဝင်းကို မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအတွက်ကြောင့် လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေ ရပ်တည်သင့်တဲ့ အနေအထားကို ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ကိုယ်တိုင် သွားရောက် ရှင်းလင်းပြောကြားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုအောင်မိုးမြင့်က အသေးစိတ် သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့းချက်။
အသံဖိုင်ယူရန်
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့