ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေ တာကြောင့် ဒေသခံ ၃ဝဝ နီးပါးလောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
မနေ့က ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာကို ထွက်ပြေးလာသူ ၃ဝဝ နီးပါး ရောက်လာကြတယ်လို့ ဘူးသီးတောင်မြို့နယ်စည်ပင် ဥက္ကဌ ဦးရွှေကျော်အောင် က ပြောပါတယ်။
"ကျနော်တို့ ဒီမှာပါလာတဲ့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ လောလောဆယ် ဆန်အိတ် ၂ဝ လုပ်ထားတယ် ၊ ကျေးရွာမှာကျန်ခဲ့တဲ့အဖွဲ့တွေက သူတို့ရဲ့စားဖို့ သောက်ဖို့အတွက်ကို စီစဉ်နေကြပါတယ်၊ ဒီမှာနောက်ထပ် တိုးလာမယ့် အခြေအနေနဲ့ဘာညာဆိုရင် သူတို့အတွက်အခက်အခတွေဲ တော်တော်လေးကိုဖြစ်မယ်လို့ ထင်ပါတယ်၊ ဒီရွာရဲ့အလယ်တန်းကျောင်းမှာပဲ ယာယီနားခိုခွင့်ပေးထားပါတယ်"
စစ်ပြေးဒုက္ခသည်တွေဟာ နတ်အိုင်ဆိုတဲ့ ရွာကနေ ထွက်ပြေးလာကြပြီး ကလေးငယ် အယောက် ၃ဝ လောက် ပါဝင်သလို သက်ကြီးရွယ်အိုတွေလည်းပါကြတယ်လို့ ပြောပါတယ်။
သူတို့ကို ဘူးသီးတောင်မြို့က မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေက စားသောက်နေထိုင်ရေးအတွက် စီစဉ်ထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကတည်းက ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော် မြို့နယ်တွေမှာ မကြာခဏ တိုက်ပွဲတွေဖြစ်နေတာပါ။