အားလုံးပါဝင်လက်မှတ်ထိုးရေး ကိုးကန့်၊ ရခိုင်နဲ့ တအာင်း တပ်မတော်တွေ တောင်းဆို

2015-09-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် သမ္မတ ဦသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့  အဆင့်မြှင့်ညှိနှိုင်းရေးအဖွဲ့က ခေါင်းဆောင်တွေကို စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် သမ္မတ ဦသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ အဆင့်မြှင့်ညှိနှိုင်းရေးအဖွဲ့က ခေါင်းဆောင်တွေကို စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေး အတွက် လော်ခီးလာညီလာခံ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်ကြဖို့ AA ရက္ခိုင့်တပ်မတော်၊ မြန်မာ အမျိုးသား MNDAA ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)နဲ့ PSLF/TNLA ပလောင် (တအာင်း)ပြည်နယ်လွတ်မြောက်ရေးတပ်ဦးတို့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ တိုင်းရင်းသားလက်နက်ကိုင် SD အဖွဲ့ဝင်တွေ နဲ့ နိုင်ငံတော်သမ္မတတို့ တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရပိုင်းက တိုင်းရင်းသားလက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နဲ့ ဦးစွာပထမ လက်မှတ်ရေးထိုး လိုတဲ့တောင်းဆိုချက်အပေါ် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ကြေညာချက်မှာ NCA လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေစဉ်အတွင်း အစိုးရတပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ပေးဖို့၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကို ပင်လုံကတိက၀တ်နဲ့ ဖြေရှင်းဖို့ တောင်းဆို ထားပါတယ်။

နိုင်ငံတော်သမ္မတက အခုလ စက်တင်ဘာ ၂၉ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးပွဲကို ကျင်းပလိုကြောင်း ပြောကြားခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေက အောက်တိုဘာလလယ်လောက်မှာသာ လက်မှတ်ရေးထိုးလိုကြောင်း ပြောထား ပါတယ်။

ကွန်မင့်များ (3)
Share

အမည်မဖော်လိုသူ

နေရပ်- hpa-an

naw si po is not karen image and was used by politician. she and naw may oo don't know political- just knew border or refugee camps political.naw may oo married thai people,she didn't help karen people- just i tell only border of karen.Burma internal karen don't know them, what they did? Now they attend peace process why-why--why----?

Sep 11, 2015 11:47 AM

Answer is very simple

Because she is daughter of ex.KNU leader.Another reason is that they want to show that there is women leader in ethnic armed group.

Sep 11, 2015 07:37 PM

ဦးစိန်းဝင်း

အဲလို​တွေ​အော်​​နေ​တော့တိုင်းရင်းသား ထိပ်​သီး​ခေါင်း​ဆောင်​ဆိုသူ​တွေရဲ့ အ​နေအထားက ဘာဖြစ်​သွားလဲ၊ အာဏာကုန်​လွဲထားရင်​ ​ဆွေး​နွေးတဲ့ရလဒ်​အတိုင်းလက်​ခံရမှာ​ပေါ့

Sep 10, 2015 07:23 PM

နေ​နော်

လာ​ဆွေး​နွေးတဲ့​တိုင်းရင်းသား​ခေါင်း​ဆောင်​​တွေကအမြင့်​ဆုံးနဲ့ အာဏာအရှိဆုံးဆို၊ ​ဆွေး​နွေးလို့ပဲ နှစ်​ဖက်​အ​လျောတင်းနဲ့ ​သ​ဘောတူမူ​တွေရပီးပီ၊ ခုမှတခါ ဘာထပ်​​အော်​​နေတာလဲ၊ ဒီလို​အော်​​နေ​တော့ ကိုယ်​စားပြု တိုင်းရင်းသား ​ခေါင်း​ဆောင်​​တွေက အလကားဖြစ်​သွားတာ​ပေါ့

Sep 10, 2015 11:44 AM

ဆိုက်တခုလုံးသို့