မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ်ဆဲ


2013-08-29
Share
missile_tanks_305px.jpg ေူမာက်ကိုရီးယားလုပ် ဒုံးကဵည်မဵားကို ူပံယြမ်း္ဘမိြႚရြိ စစ်ရေးူပ အခမ်းအနားတခုတြင် တြေႚရသည့် မြတ်တမ်းဓာတ်ပုံ ူဖစ်ပၝသည်။ (Photo: AFP)
(Photo: AFP)

အမေရိကန်စစ်တပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမယ့် မြောက်ကိုရီးယား နဲ့ ဆက်ဆံရေးအပေါ်စိုးရိမ်နေဆဲဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေ နဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား နဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးတွေရဲ့ စည်းဝေးပွဲ ပြင်ပမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel နဲ့ မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်တို့ Nပီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က သီးခြားတွေ့ဆုံခဲ့ကြစဉ်မှာ မြန်မာနိုင်ငံ ရဲ့ ပြုပြက်ပြောင်းလဲမှုတွေ ဆက်လက် တိုးတက်နေဖို့အရေးကြီးသလို၊  မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့လည်း အရေးကြီး ကြောင်း  Chuck Hagel  က ဆွေးနွေးခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်အစိုးရ အကြမ်းဖက်မှု နဲ့ဘဏ္ဍာရေး စုံစမ်းထောက်လှမ်းရေး ဌာန အကြီးအကဲ David Cohen က မြန်မာနိုင်ငံ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ကို မြောက်ကိုးရီးယားနိုင်ငံက စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူခဲ့တဲ့ကိစ္စနဲ့ ပိတ်ဆို့အရေးယူ ကြောင်း ကြေညာခဲ့ပါတယ်။

အခုလို အမေရိကန် နဲ့ မြန်မာ ကာကွယ်ရေးဝန်ကြီးနှစ်ဦး သီးခြားတွေ့ဆုံခဲ့တာဟာ နှစ်နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့