အမေရိကန်လွှတ်တော်အရာရှိ HIV/AIDS ဂေဟာကို ကြည့်ရှု

အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာငွေ ခွဲဝေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီက အရာရှိ Mr. Paul Grove ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တည်ထောင်ထားတဲ့ တောင်ဒဂုံ အေအိုင်ဒီအက်စ် ရောဂါဝေဒနာသည်များ စောင့်ရှောက်ရေး ဂေဟာကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းမှာပဲ သွားရောက် လည်ပတ်ခဲ့ပါတယ်။

2011.01.11
aids_patient_nld_305_z.jpg အေ့ဒ်စ်ရောဂါ ဖြစ်ပွားနေသော ဝေဒနာရှင်တဦးကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် ပြုစုစောင့်ရှောက်သူ အဒေါ်ကြီးတဦးက အစားအစာ ခွံ့ကျွေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
Mr. Paul Grove ဟာ ဒီကနေ့ မနက်က ၈ နာရီ ၁၅ လောက်က ဂေဟာကို ရောက်ရှိလာခဲ့ကြောင်း အေအိုင်ဒီအက်စ် ရောဂါသည်များ စောင့်ရှောက်ရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မဖြူဖြူသင်းက အခုလို ပြောပြပါတယ်။

“အဓိက သူပြောသွားတာတော့ ကျွန်မတို့ ဒီ ပြီးခဲ့တဲ့ လပိုင်းက ဖြစ်ခဲ့တဲ့၊ အန်တီ လာပြီးတော့ ဒီ လူနာအိမ်တွေ အပိတ်ခံရတဲ့ အခြေအနေ သူမေးတယ်၊ သူတို့ သိချင်တာလေးတွေပေါ့နော်။ ဒီမှာက အခက်အခဲတွေ အများကြီး ရှိနေတယ်လေ။ အဲဒီတော့ သူတို့ သိသွားတယ်။ သူတို့ သိချင်တာလေးတွေက ဒီမှာ ဘယ်လို လုပ်ကိုင် ဆောင်ရွက်နေသလဲ၊ ဘာတွေ လုပ်ပေးနေသလဲပေါ့နော်။ အဲဒါလေးတွေကို မေးခွန်းမေးသွားတာပါ။”

Mr. Paul Grove ဟာ လူနာတွေနဲ့ ဂေဟာကို ကြည့်ရှု လေ့လာခဲ့သလို၊ မဖြူဖြူသင်းတို့ လက်ရှိ လုပ်ဆောင်နေတဲ့ အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် ရှေ့ဆက် လုပ်ဆောင်မဲ့ အခြေအနေတွေကိုလည်း မေးမြန်းသွားတယ်လို့ သိရပါတယ်။

Mr. Paul Grove ဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်းကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ပထမအကြိမ် လာရောက် တွေ့ဆုံခဲ့ဖူးပြီး ဒီတကြိမ်မှာတော့ အေအိုင်ဒီအက် စောင့်ရှောက်ရေး လုပ်ငန်းတွေကိုပါ လာရောက် လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အေအိုင်ဒီအက် ရောဂါသည်များ စောင့်ရှောက်ရေး လုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေတဲ့ မဖြူဖြူသင်းကို RFA မှ ဦးဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။