ANP ပါတီ အစည်းအဝေး ကျင်းပ

ရခိုင်အမျိုးသားပါတီအနေနဲ့ လာမယ့် မေလ ၁၂ ရက်နေ့မှာကျင်းပမယ့် UPDJC အစည်းအဝေးရဲ့ ရလဒ်အပေါ် မူတည်ပြီးတော့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို တက်သင့်၊ မတက်သင့် စဉ်းစားမယ်လို့ ဒီနေ့ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒီကနေ့ စစ်တွေမြို့က ANP ပါတီဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအပြီးမှာ လာမယ့် ၂၁ ပင်လုံ ညီလာခံကို ANP ပါတီ တက် မတက်နဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က သတင်းထောက်တွေကို အခုလို ပြောလိုက်တာပါ။

"အဓိကကတော့ ကျနော်တို့ ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲ လုပ်ခွင့်မရသေး ဘူး၊ မလုပ်နိုင်သေးဘူး၊ အဲဒီအပေါ်မှာ ဥက္ကဌဆွေးနွေးပါလိမ့်မယ်၊ အဲဒီလိုဆွေးနွေးပြီးမှပဲ ကျနော်တို့ ရခိုင်အမျိုး သားပါတီအနေနဲ့ ဒီငြိမ်းချမ်းရေးညီလာခံအပေါ်မှာ ဘယ်လိုဆက်ပြီးတော့သွားမလဲဆိုတာ ကျနော်တို့ဆုံးဖြတ် မယ်"

ANP ပါတီ အနေနဲ့ ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိဖို့ မျှော်လင့်ထားပြီး ကျင်းပခွင့်မရခဲ့ရင်တော့ အစိုးရအနေနဲ့ ရခိုင်လူမျိုးတွေ ကို ခွဲခြားဆက်ဆံရာ ရောက်မှာဖြစ်တယ်လို့လည်း ANP က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အတော်များများဟာ တည်ငြိမ်အေးချမ်းနေပြီး လုံခြုံရေးအရလည်း စိုးရိမ်စရာ မရှိတာကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကို ကျင်းပဖို့ အဆင်သင့် ရှိနေကြောင်းလည်း ပြောပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယအကြိမ်ညီလာခံကို လာမယ့် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ကျင်းပပြုလုပ်သွားဖို့ ကိုလည်း ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။