ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲသတင်း မဟုတ်မှန်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ငြင်းဆို

2018-10-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း တို့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတ နှစ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့အတူ နေပြည်တော်မှာ ၂ဝ၁၆၊ မတ်လ ၃ဝ ရက်နေ့က တွေ့ရစဉ်
ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း တို့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတ နှစ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့အတူ နေပြည်တော်မှာ ၂ဝ၁၆၊ မတ်လ ၃ဝ ရက်နေ့က တွေ့ရစဉ်
Photo: YE AUNG THU / POOL / AFP

ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ ကစထမှူး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပြင် တပ်မတော်က ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် ၁ဝ ဦးကျော်ကို သက်ပြည့်ပင်စင်ပေးတာ၊ အနားပေးတာနဲ့ ရာထူးပြောင်းရွှေ့တာတွေ ပြုလုပ်ခဲ့တယ်လို့ လူမှုကွန်ရက်မှာ ပေါက်ကြားလာတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်ရာထူးခန့်ချုပ်ရုံး အပြောင်းအရွှေ့စာရင်းမှာ ဖော်ပြထားပါတယ်။

ဒီစာရင်းမှာ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းကို သက်ပြည့်ပင်စင် ပေးလိုက်ပြီး သူ့နေရာမှာ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးဆန်းဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို သက်ပြည့်ပင်စင်ပေးလိုက်သလို စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ညိုစောကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးဌာနက ဗိုလ်ချုပ်ထွန်းထွန်းညီကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ... ဒီသတင်းဟာ မဟုတ်မှန်ကြောင်း၊ သတင်းအမှားဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်ကလည်း သူ့အနေနဲ့ မသိရှိကြောင်း RFA ကို ဒီနေ့ညနေပိုင်းက ဖြေကြားခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ရခိုင်အရေးနဲ့ ပတ်သက်လိမ့်မယ်ထင်ပါတယ်။

Oct 07, 2018 10:32 AM

ဆိုက်တခုလုံးသို့